မိုင်းတုံမြို့၌ (DM Summer cup) အမျိုးသားအလွတ်တန်းကလပ်‌ ပေါင်းစုံဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းတုံ ဧပြီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်း၌ ယမန်နေ့ညနေ(၃)ခွဲက (DM  Summer cup) အမျိုးသားအလွတ်တန်း ကလပ်‌ပေါင်းစုံ ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပသည်။

ပထမဦးစွာ EASTERN  THANLWIN FC, မိုင်းတုံသား၊ ဌာနဆိုင်ရာ၊ မိုင်းတုံတပ်နယ်၊ နားကောင်းမှုး၊ PPKFC, Youth Dream FC, FSD  FC  အသင်းတို့သည် ကြား (၂) ရက်နား၍ (၁၅) ရက်တိုင်တိုင်ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲသို့  EASTERN  THANLWIN FC, အသင်းနှင့် Youth Dream FC သင်းတို့  ၄ နာရီ တက်ရောက်လာပြီး ဗိုလ်လုယှဉ်ပြိုင်ရာတွင် EASTERN  THANLWIN FC  အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ပထမဆုရရှိသော EASTERN  THANLWIN FC အသင်းအားငွေသား(၅)သိန်းနှင့် ရွှေဆွဲပြားကို လည်းကောင်း၊ ခရိုင်ရဲမှူး ကဒုတိယဆုရရှိသော Youth Dream FC, အသင်းအား ငွေသား(၃)သိန်းနှင့်ငွေဆွဲပြားကိုလည်းကောင်း မြို့နယ်နယ်စပ်‌ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တတိယဆုရရှိသော ဌာနဆိုက်ရာအသင်းအား ငွေသား(၂)သိန်းနှင့်ငွေဆွဲပြားကိုလည်းကောင်း၊ ဒိုင်းဆုကို  ပွဲဖြစ်မြောက်ရေး စီစဉ်ပေးသူဒိုင်းမွန်းမှ လည်းကောင်း၊ အကောင်းဆုံးဆု(၅)ဆုကို သက်ဆိုင်ရာပုဂ္ဂိုလ်များကပေးအပ်ရာ ဆုရရှိသူများမှ လက်ခံရရှိခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)