တောင်ဥက္ကလာပမြို့နယ်၌ သင်္ကြန်‌ပွဲတော် ကျင်းပမည်

တောင်ဥက္ကလာပ ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကများ စတုဒီသာကျွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌သည်။

ထိုသို့စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တောင်ဥက္ကလာပမြို အမှတ် (၇) ရပ်ကွက် သစ္စာလမ်းမကြီးနေရာ၌ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး အဖွဲ့အလိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကာ လမ်းလျှောက်သင်္ကြန်ကို သစ္စာလမ်းမအတိုင်း ကျင်းပမည်ဖြစ်ပြီး စတုဒိသာကျွေးမွေးခြင်း၊ ရေကစားခြင်း၊ ယိမ်းအကဖြင့်ဖျော်ဖြေခြင်း စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၏ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်း၊ ညနေပိုင်းတို့တွင် ယိမ်းအကများနှင့် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကာ ရေကစားသူပြည်သူများအနေဖြင့် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)