မောက်မယ် ဧပြီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စည်ပင်သာယာစျေးအတွင်း မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း နှစ်သစ်အကြို အတာသင်္ကြန်အိုးများ ရောင်းအားသွက်လျက်ရှိကြောင်း သိ ရသည်။
“ကျွန်မကတော့ စျေးအတွင်း မြေအိုးများဖြစ်သည့် သောက်ရေအိုး၊ ပန်းအိုး၊ ဘုရားအိုး၊ မြူအိုး၊ ဆီမီးခွက်၊ သင်္ကြန်အတာအိုးစသည့် မြေအိုးများကို ရောင်းချပါတယ် အိုးများကိုလင်းခေးမြို့နယ်၊ ဝမ်ဟတ် ကျေးရွာမှ မှာယူရောင်းချခြင်းဖြစ်ပါတယ်၊ သင်္ကြန်ကာလရောက်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြသည့်ဓလေ့ရှိရာ သင်္ကြန်မရောက်မီ တစ်ရက်အလိုမှစပြီး အတာအိုးကိုရေသန့်စင်၍ ရာသီပေါ်ပန်းများဖြစ်သည့် မြေစာမြက်၊ ပန်းခြောက်၊ အောင်သပြေ၊ အုန်းညွန့်၊ လသာပန်းများထည့်၍ နှစ်သစ်ကိုကြိုဆိုလေ့ရှိပါတယ် ခုဆိုရင် အတာအိုးတစ်လုံးကို (၁,၅၀၀) ကျပ်မှ (၂,၀၀၀) ကျပ်အထိ ရောင်းချနေပါတယ်ဟု” အတာသင်္ကြန်အိုးများ ရောင်းချသည့်စျေးဆိုင် ဒေါ်အောင်ကြည်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)