တွံတေးမြို့နယ် Bar Code/QR Codeဖြင့် စုံ/ မယာဥ်များကို နေ့အလိုက် စက်သုံးဆီ ရောင်းချနေမှုအား လိုက်လံစစ်ဆေး

တွံတေး ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/ QR Codeဖြင့် စုံ/ မ ယာဥ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှု  လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက တွံတေးမြို့ရှောင်လမ်းပေါ်ရှိ ချမ်းမြေ့ဂုဏ်ဆီဆိုင်နှင့် ဘုရားငုတ္တိုလမ်းဆုံရှိ MAX ဆီဆိုင်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများ ဆီလှောင်ကန်များတွင် စက်သုံးဆီကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီရောက်ရှိ/ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမရှိစေရေး စသည်များ မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)