နောင်ချို ဧပြီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်သည် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်သော မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း နွားနို့နှင့်ကြက်ဥ စားသုံးမှုဖူလုံစေရုံသာမက ထုတ်လုပ်မှုပိုမိုတိုးတက်မြင့်မားလာစေရေး၊ ကူးစက်ရောဂါများ ကင်းဝေးစေရေးနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာရှိ တနိုင်တပိုင် ဒေသကျွဲမွေးမြူရေးတောင်သူများ၏ မွေးမြူရေးအသိပညာမြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လွင်သည် ဧပြီလ(၁၁)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် နောင်ချိုမြို့နယ် ခဲထိတ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးထွန်းထွန်း၏ နို့စားနွား(၃၅၇)ကောင်မွေးမြူထားရှိသော PEP နို့စားနွား မွေးမြူရေးခြံ၊ သုံးဆယ်ကျေးရွာရှိမွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ရဲလင်း၏ ဥစားကြက်(၂၂၅၀၀)ကောင် မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ အုမ္မခါးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စိုးရှောက်ဟွာ ၏ ဥစားကြက် (၃၆၇၀၀)ကောင် မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေမှုအခြေအနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကာ နွားနို့နှင့်ကြက်ဥထုတ်လုပ်မှုပိုမိုတိုးတက်ရရှိစေရေး၊ မြို့နယ်အတွင်းစားသုံးမှု ဖူလုံစေရုံသာမက အခြားမြို့နယ်များသို့ပါ ပိုမိုတင်ပို့ရောင်းချနိုင်ရေး၊ အခြေခံစားသုံးကုန်ဖြစ်သော ကြက်ဥကို အများပြည်သူဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ နို့စားနွားများ ထပ်မံတိုးချဲ့မွေးမြူကာ နွားစာစရိတ်သက်သာစေရန် စားကျက်မြက်ခင်းများ တိုးချဲ့စိုက်ပျိုး၍ မြက်အစိုနှင့်မြက်ချဉ်ဖတ် တိုးမြှင့်ပြုလုပ်ကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ကာ နို့နှင့်နို့ထွက်ပစ္စည်းကုန်ချောများကို ပြည်တွင်းရှိ မြို့နယ်အသီးသီးသို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ဖြန့်ဖြူးနိုင်ရေး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးတို့အတွက် လိုအပ်သည်များအား ဖြည့်စွက်ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရမှု အခက်အခဲများအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခြင်း၊ ပေါက်ကုန်းကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရှိ ဒေသကျွဲမွေးမြူရေးတောင်သူများအား တွေ့ဆုံကာ တိရစ္ဆာန် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်တားဆီးရေး၊ နိုင်ငံတော်၏ အရင်းမပျောက်မတည်ရန်ပုံငွေအား ကျေးရွာမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အကျိုးရှိစွာအသုံးချလျက် တနိုင်တပိုင် ဒေသကျွဲများ ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားမွေးမြူနိုင်ရေးတို့ကို အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)