မိုင်းယောင်း ဧပြီ ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဧပြီ ၁၁ ရက်က မဏ္ဍပ်များ စတင်ဆောင်ရွက်လျက်ရှိပြီး ကြီးကြပ်ရေးကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီ၊ ဗဟိုမဏ္ဍပ်ကျင်းပရေးကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆို၊ နေရာချထားရေးကော်မတီ၊ အခမ်းအနားကျင်းပရေးကော်မတီ၊ ဧည့်ခံကျွေးမွေးရေးကော်မတီ၊ သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ၊ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ မီးဘေးလုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်နေကြသည်။
ဗဟိုမဏ္ဍပ်ကို “ကြိုဆိုပါ၏” ဆိုင်းဘုတ်ရှိ ဗလမင်းထင်လမ်းမပေါ်တွင်လည်းကောင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် စတုဒိတာမဏ္ဍပ်တို့ကို ဟိုခုံဘုန်းကြီးကျောင်းရှေ့ ဗလမင်းထင်လမ်းမပေါ်တွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နန်းပန်(ပြန်/ဆက်)