နောင်ချိုမြို့နယ်တွင် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်

နောင်ချို ဧပြီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို မတ်လ ၃၁ ရက် မှစတင်၍ နောင်ချိုမြို့နယ်  စွယ်တော်ရိပ်ကားဝင်းအတွင်း  ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ယိမ်းအဖွဲ့များ လေ့ကျင့်ကပြနေမှုများကို ယမန်နေ့နေ့လည်ပိုင်းက နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၁၃၈၇ ခုနှစ် နှစ်ဟောင်းမှ ၁၃၈၈ ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရေပိုက်လိုင်းများ တပ်ဆင်ထားရှိမှု၊ ဗဟိုမဏ္ဍပ်အလှပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီးများပြင်ဆင်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန်အတွက် ဆောင်ရွက်ထားရှိမှု၊ စတုဒီသာများ ကျွေးမွေးမည့်နေရာများစီစဥ်ထားမှု၊ ယိမ်းအဖွဲ့များဇာတ်တိုက်လေ့ကျင့်နေမှုတို့ကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ဗဟိုဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်၌ နေ့စဉ်အလှည့်ကျ သင်္ကြန်အလှမယ်များ၊ မြန်မာသံစဥ်၊ ခေတ်ပေါ်တေးဂီတများဖြင့် သီဆိုဖျော်ဖြေမှုများဖြင့် ကပြဖျော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)