မဟာအောင်မြေ ဧပြီ ၁၁
မန္တလးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မန္တလေးမြို့ ကျုံးပတ်လည်တွင် ဗဟိုမဏ္ဍပ်မပါဝင် ၄၅ ခုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရေကစားမဏ္ဍပ်၊ မြန်မာ့ရိုးရာအစားအစာ မုန့်လုံးရေပေါ်၊ သာကူကြို၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးနှင့် ရှမ်းရိုးရာအစားအစာ မုန့်ဖက်ထုပ်စတုဒိသာ ကျွေးမွေးခြင်းများဖြင့် သင်္ကြန်အကြိုနေ့မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တွင်လည်း သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ၊ ပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မဏ္ဍပ်များထိုး၍ အများပြည်သူပျော်ရွှင်စေရန် တီးဝိုင်းများဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း