မိုင်းဖြတ် ဧပြီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက စားသောက်ကုန်နှင့် ဝတ်စုံများပေးအပ်ရခြင်းနှင့်စပ်လျဉ်၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ဝန်ထမ်း(၄၈)ဦးအတွက် ကြက်ဥနှင့် စားဆီများကိုလည်းကောင်း၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းတို့က အမျိုးသမီးဝန်ထမ်း (၁၇) ဦးအတွက် မိခင်နှင့်ကလေးဝတ်စုံများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)