မိတ္ထီလာ ဧပြီ ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် မိတ္ထီလာမြို့၂ဝ၂၆ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင်ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
“လမ်းလျှောက်သင်္ကြန်နေရာကို ဗဟိုမဏ္ဍပ်နဲ့ မျက်နှာချင်းဆိုင်နေရာ တပေဘူတပင်တန်းရဲ့မြောက် ဘက်နေရာမှာ ပြင်ဆင်ဆောက်လုပ်တာဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲသူများအတွက် အရိပ်အကာများပြုလုပ်ပေးထားပြီး ပျော်ရွှင်ချမ်းမြေ့စွာပါဝင်ဆင်နွှဲနိုင်ဖို့ အခြားလိုအပ်တာတွေလည်းပြင်ဆင်ပေးထားပါတယ်။ လမ်းလျှောက်သင်္ကြန်အနီးမှာ သင်္ကြန်အကြိုနေ့၊အကျနေ့၊ အကြတ်နေ့နဲ့အတက်နေ့ လေးရက်စလုံးမှာ စတုဒိသာကျွေးမွေးခြင်းကိုပြုလုပ်မှာဖြစ်ပြီး ဗဟိုမဏ္ဍပ်မှာလည်း ယိမ်းအကအဖွဲ့များက အလှည့်ကျကပြဖျော်ဖြေခြင်း နဲ့ အဆိုတော်များက ခေတ်ပေါ်တေးဂီတများဖြင့် တီးခတ်သီဆိုဖျော်ဖြေတာတွေနဲ့အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပသွားမှာဖြစ်ပါတယ်” ဟု မိတ္ထီလာမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိတ္ထီလာမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပြင် မြန်မာ့ရိုးရာသနပ်ခါးလိမ်းပွဲကိုပါ ထည့်သွင်းကျင်းပရန်စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
ချမ်းသာ