ချမ်းအေးသာစံမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ချမ်းအေးသာစံ ဧပြီ ၁၀

နွေရာသီကာလ အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သောကျန်းမာရေးဆိုးကျိုးများနှင့် အပူဒဏ်အန္တရာယ်များကို အများပြည်သူများသိရှိလိုက်နာစေရန် အသိပညာပေးဟောပြောခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ဝါကင်းကုန်းဘုရားဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက “အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုးကျိုးများ၊ အပူလျှပ်ခြင်းနှင့် ရှေးဦးပြုစုနည်းလမ်းများ၊ အပူဒဏ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား” အများပြည်သူများ သိရှိလိုက်နာစေရန် ဟောပြောခဲ့သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အများပြည်သူများအား အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဓာတ်ဆားထုပ်များ ဝေငှခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)