သာစည် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများ၊ သီဆိုဖျော်ဖြေမှုများ၊ စတုဒိသာကျွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ဗဟိုမဏ္ဍပ်ကို ရုံးပေါင်းစုံလမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောက်လုပ်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း အဆိုပါဗဟိုမဏ္ဍပ်အနီးတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန် ပွဲတော်ရက်များ၌ ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာများမှ ယိမ်းအကများ၊ သီချင်းများဖြင့်သီဆို ဖျော်ဖြေပြီး ပွဲတော်လာသူများအား စတုဒိသာများကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် ဗဟိုမဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဆရာတော်သံဃာတော်များအား ဆွမ်းဆပ်ကပ်ပြီး ပရိတ်တရားနာယူခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ပွဲ၊ ဇိဝိတဒါနငါးလွှတ်ပွဲစသည်ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်