သာစည်မြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား  ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

သာစည်  ဧပြီ   ၁၀

န္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးစည်းဝေးခန်းမ၌ ကျင်းပသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုးဦးမျိုးသက်ကျော်က သာစည်မြို့နယ်အတွင်း ဧပြီလ (၇)ရက်နေ့က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆) အုပ်စုမှ အိမ်ထောင်စု(၂၃)စုနှင့် ထိခိုက်ဒဏ်ရာရှိသူတစ်ဦးရှိခဲ့ပါကြောင်း ထိုသို့ထိခိုက်ပျက်စီးခဲ့ရသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စုဝင်များထံသို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ   ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။       

ဆက်လက်၍ ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ရာ လေဘေးသင့်ခဲ့ရသည့်  အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၈၄)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးတို့အတွက် ဆန်ဖိုးရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၇၅၇၃၀၀ နှင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမျိုးသက်ကျော်၊ အမှတ်(၄၁၉)တပ်ရင်းမှ  ဗိုလ်မှူးရွှေကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးတို့က  ပေးအပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်