ပေါင် ဧပြီ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပူဒဏ်အန္တရယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာလမ်းဆုံနှင့် ကဒါရပ်ကွက်၊ မင်္ဂလာဈေးတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စျေးအတွင်း လမ်းသွားလမ်းလာဒေသခံပြည်သူများအား အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် လိုက်နာရမည့်အချက်များကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့နောက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသည့် အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာများနှင့် ခံစားနေရသည့်လူနာအား အရေးပေါ်ရှေးဦးပြုစုခြင်း အကြောင်းအရာပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)