ပေါင် ဧပြီ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီပန်းချီသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁ဝ)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ ဦးကျော်ညွန့်ဦးက အခြေခံပန်းချီသင်ခန်းစာများကို ကျောင်းသား၊ ကျောင်းသူများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်ခန်းစာများကို စတင်သင်ကြားပြသခဲ့သည်။
အဆိုပါ အခြေခံပန်းချီသင်ခန်းစာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နံနက် (၁၀)နာရီမှ ညနေ (၄)နာရီထိ ဧပြီလ (၃)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၁၀)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)