မိုင်းဆတ် ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၁၃၈၈ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်ထည့်သွင်းကျင်းပနိုင်ရေး အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများက မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ယိမ်းအကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှု၊ နေ့စဉ် စတုဒိသာကျွေးမွေးနိုင် ရေး စီမံဆောင်ရွက်ထားရှိမှုတို့နှင့်ပတ်သက်၍ ကော်မတီအလိုက် ရှင်းလင်းတင်ပြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
မိုင်းဆတ်မြို့၏ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မယ်ဆွမ်မြောက်ရပ်ကွက်၊ အနော်ရထာလမ်းမကြီးပေါ်တွင် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအကအဖွဲ့(၁၁)ဖွဲ့နှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)