မူဆယ် ဧပြီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံစားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မူဆယ်မြို့၊ ဈေးရပ်ကွက်၊ လူငယ်ဇရပ်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူး၍ မူဆယ်မြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများအား အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မွေးတိုး၊ သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ မြို့နယ်တွင်းပြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ယနေ့တွင် ၃(က) ကျား (၃) ဦး၊ မ (၅) ဦး၊ စုစုပေါင်း(၈)ဦး၊ ၆(က) ကျား (၁)ဦး၊ လဲလှယ် ကျား (၄)ဦး၊ မွေးတိုး ကျား (၁၀ဦး၊ မ (၈)ဦး၊ စုစုပေါင်း(၁၈)ဦး၊ သေဆုံး ကျား (၂၃)ဦး၊ မ (၁၆)ဦး၊ စုစုပေါင်း (၃၉)ဦး၊ ပြောင်းဝင် ကျား(၂)ဦး၊ မ (၅)ဦး၊ စုစုပေါင်း (၇)ဦး၊ ပြောင်းထွက် ကျား (၁)ဦး၊ မ (၁)ဦး၊ စုစုပေါင်း (၂)ဦးဖြစ်ပြီး၊ ယနေ့အတွက် ဆောင်ရွက်နိုင်ခဲ့သည့် အရေအတွက်မှာ (၈၀)ဦးရှိကြောင်း သိရသည်။
ဆက်လက်၍ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ဇနီးဒေါ်လွင်လွင်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးဆလိုင်းဟေမန်ထွန်း၊ မူဆယ်မြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် တာဝန်ရှိသူများမှ ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်