ကျောက်တလုံး ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်ဘင်ခရာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီလ ၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ ကျောက်တလုံးကြီးမြို့မိမြို့ဖဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က ကျောက်တလုံးကြီး လူငယ်ဘင်ခရာအဖွဲ့က သရုပ်ပြဖျော်ဖြေ၍ ကျောင်းအုပ်ဆရာမကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းကော်မတီအဖွဲ့နှင့် သင်တန်းနည်းပြ ဆရာများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
ထို့နောက် မြို့မိမြို့ဖဥက္ကဋ္ဌက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် လူငယ်ဘင်ခရာအခြေခံသင်တန်းကို မတ်လ ၄ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၅၈ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်နိုင်လင်း