ကျိုက်မရောမြို့နယ်တွင် ပြည်သူလူထုအတွင်း အပူဒဏ်အန္တာရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ကျိုက်မရော ဧပြီ ၈

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူလူထုများအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့ပေါင်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်များကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့ Point စက်သုံးဆီဆိုင်နှင့် လူစည်ကားရာနေရာများ၌ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက “အပူဒဏ်အန္တရာယ်ဖြစ်ပွားခဲ့လျှင် စောလျင်စွာ ဆေးဝါးကုသမှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ အရေးပေါ်လူနာလွှဲပြောင်းရန် စီစဥ်ထားရှိခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရှိပြီး စေတနာ့ဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ရွာအခြေပြုအဖွဲ့များဖြင့် လေ့ကျင့်ပြင်ဆင်ထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း အပူဒဏ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်များကို လိုက်နာဆောင်ရွက်ကြရန် လူစည်ကားရာနေရာများ၌ အသိပညာပေးနှိုးဆော်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများက လိုက်လံပညာပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)