ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပြီး ရှေးဦးမီးငြိမ်းသတ်ရေးလက်တွေ့ သရုပ်ပြလေ့ကျင့်

ရန်ကင်း ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက် နှင်းဆီလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကံဘဲ့ဝန်ထမ်းအိမ်ရာနေ  ဝန်ထမ်းများနှင့်မိသားစုဝင်များအား မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းနှင့် စည်ပင်မီးသတ်ဌာနစုမှူးတို့ဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ​မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့ နံနက်၁၀ နာရီက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးထိန်လင်း ဦးဆောင်၍  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့ဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်း၊ လျှပ်စစ်မီးနှင့်ဓာတ်ငွေ့မီးဖိုများ စနစ်တကျသုံးစွဲစေရေးနှင့် 191Report Application အသုံးပြုပုံရှင်းလင်း ဆွေးနွေးကာ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ဆောင်ရွက်ပေးရာ အိမ်ရာဝင်းဥက္ကဋ္ဌ ဦးညိုမင်းလွင်နှင့်တာဝန်ရှိသူများ၊ အိမ်ရာနေဝန်ထမ်းနှင့်မိသားစုဝင်(၁၀၀)ဦးတက် ရောက်ပါဝင်လေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

 လှလှထွေး(ပြန်/ဆက်)