ကျောက်မဲ ဧပြီ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၆ ခုနှစ် ဧပြီလ ၆ ရက်နေ့က နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ကွန်ပျူတာပန်းချီပြိုင်ပွဲ ဆုရွေးချယ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက အကြီးတန်းနှင့် အငယ်တန်းကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ပထမဆု (ကျပ် ၅၀,၀၀၀)၊ ဒုတိယဆု (ကျပ် ၃၀,၀၀၀) နှင့် တတိယဆု (ကျပ် ၂၀,၀၀၀) တို့ကို ချီးမြှင့်ခဲ့သည်။ သင်တန်းသားအားလုံးကိုလည်း သင်ခန်းစာမှတ်စုစာအုပ်များနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ခင်းကျင်းပြသထားသော ပြိုင်ပွဲဝင် ကွန်ပျူတာပန်းချီများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်မှ ဧပြီလ ၆ ရက်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)