မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ စက်သုံးဆီအရောင်းဆိုင်များ လှည့်လည်ကြည့်ရှုစစ်ဆေး

‎‎မဟာအောင်မြေ ဧပြီ

‎‎‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

‎‎‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က မဟာအောင်မြေမြို့နယ်အတွင်းရှိ MECဆီဆိုင်၊ BOC ဆီဆိုင်၊ DENKOဆီဆိုင်၊ ၃၆၀ ဆီဆိုင်၊ HSD ဆီဆိုင်များအား စက်သုံးဆီများရောင်းချရာတွင် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ရေး၊ စက်သုံးအရောင်းဆိုင်များတွင် ဆီလာထည့်သည့် မော်တော်ယာဥ်များကို စက်သုံးဆီခြွေတာရေးနှင့် မလိုအပ်ဘဲဆီများ သိုလှောင်းခြင်းမပြုလုပ်ရန် မှားကြားပြီး၊ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချခြင်းမရှိပါက သက်ဆိုင်ရာဖုန်းနံပါတ်များတို့ တိုင်းကြားနိုင်ပြီး အဆိုပါဆိုင်များကို ဥပဒေနှင့်အညီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆိုင်မန်နေဂျာနှင့် အရောင်းဝန်ထမ်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျရောင်းချစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အခြင်အတွယ်များ မှန်ကန်မှု ရှိ/မရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စက်သုံးဆီမရောင်းချစေရေးတို့ကို ကွင်းစစ်ဆေးပြီး ဆီအရောင်းဆိုင်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း