ဒဂုံတောင် ဧပြီ ၈
၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီ(၁)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင် နေ့စဉ် နံနက် ၇နာရီ ခွဲ နှင့် မွန်းလွဲ ၃နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစားကြပြီး ယမန်နေ့ ဧပြီ ၇ ရက်နေ့တွင် ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြသည်။
ထိုသို့ယှဉ်ပြိုင်ကစားကြရာ ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အုပ်စု(ခ)ပထမ အလုံခရိုင်အသင်းနှင့် အုပ်စု(ဃ)ဒုတိယ တွံတေးခရိုင်အသင်း၊ အုပ်စု(ဃ)ပထမသန်လျင်ခရိုင်အသင်းနှင့် အုပ်စု(ခ) ဒုတိယဒဂုံမြို့သစ်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ အလုံခရိုင်အသင်းက တွံတေးခရိုင်အသင်းကို (၁)ဂိုး၊ဂိုးမရှိ၊ ဒဂုံမြို့သစ်ခရိုင်အသင်းက သန်လျင်ခရိုင်အသင်းကို (၄)ဂိုး၊(၁)ဂိုးတို့ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲ တက်ရောက်သွားကြကြောင်းနှင့် ရှုံးထွက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သန်းသန်းအေး