မိတ္ထီလာ ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဇောင်ချမ်းကုန်းကျေးရွာနှင့် ရန်ကုန်-မန္တလေးကားလမ်းမအနီး သစ်ပင်သစ်ကိုင်းများ ကျိုးကျပျက်စီးမှုအား ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြရာ တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက ဇောင်ချမ်းကုန်းကျေးရွာနှင့် ရန်ကုန်-မန္တလေးကားလမ်းမဘေးအနီး လေပြင်းတိုက်ခတ်မှုကြောင့် အရိပ်ရကုက္ကိုပင်ကြီး များမှ သစ်ကိုင်းသစ်ခက်များကျိုးကျပျက်စီးမှုကို ဖယ်ရှားရှင်းလင်းဆောင်ရွက်ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ကော်မတီဝင်များ၊ တပ်နယ်မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းအားပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ