ကော့မှူးမြို့နယ် ထန်းမနိုင်‌ကျေးရွာ၌ ကျေးရွာနေပြည်သူများအား သောက်သုံး‌ရေများ လှူဒါန်း

ကော့မှူး ဧပြီ ၈

နွေရာသီကာလအပူချိန် မြင့်မားလာသည့်အတွက် ရပ်ကွက်/ ကျေးရွာနေပြည်သူများ၏ သောက်သုံးရေအခက်အခဲကို ကူညီဆောင်ရွက်ပေးသည့်အနေ ဖြင့် သောက်သုံး‌ရေများ လှူဒါန်းပေးခြင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ထန်းမနိုင်ကျေးရွာ၌ကျေးရွာနေပြည်သူများအား ရေဂါလံ (၄၈၀၀) အား လှူဒါန်းပေးနေကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဦးပြည့်ဖြိုးအောင် ဦးဆောင်ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်ခုနှစ်ဦးဖြင့် မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလံ (၄၈၀၀) ကို ထန်းမနိုင်ကျေးရွာအတွင်း သောက်သုံး ရေဖူလုံသွားစေရန် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြု လုပ်ငန်းအနေဖြင့် နွေရာသီကာလ၌ သောက်သုံးရေအခက်အခဲဖြစ် ပေါ်နေသည့် ပြည်သူများအား သောက်သုံးရေများ လှူဒါန်းပေးခြင်းဖြစ်ပြီး သောက်သုံးရေအခက်အခဲဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်း ၀၁၈၂၆၄၀၄၉ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်ထံမှ သိရသည်။

ကျော်သူရ (ကော့မှူး)