ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ ရပ်ကွက်နေပြည်သူများအား သောက်သုံးရေ လှူဒါန်း

ချမ်းမြသာစည် ဧပြီ

နွေရာသီကာလအတွင်း အပူရှိန်မြင့်မားမှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော မိဘပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ၅၃ လမ်း၊ ၁၀၆×၁၀၇ လမ်းကြား အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သောက်သုံးရေများ လှူဒါန်းဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွှဲ ၁၂ နာရီမှစ၍ ဆောင်ရွက်ခဲ့ကြသည်။

ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အောင်ပင်လယ်နယ်မြေစခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ရေသယ်ယာဥ်များဖြင့် ရပ်ကွက်နေပြည်သူများထံ အိမ်တိုင်ရာရောက် သွား​ရောက်ကာ မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဥ် (၁) စီး၊ အောင်ပင်လယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဥ် (၁) စီးနှင့် အောင်ပင်လယ်တစ်စု (၁) အရန်မီးသတ်စခန်းမှ မီးသတ်ယာဥ် (၁) စီး စုစုပေါင်းရေဂါလန် ၈၀၀၀ ခန့် အခမဲ့သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလင်းသစ်