မိုင်းရှူးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လှည့်လည်ဆော်ဩ

မိုင်းရှူး ဧပြီ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် သင်္ကြန်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မိဘပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စေရေးအတွက် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ ၅ နာရီအချိန်က မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး လှည့်လည်အသိပေးဆော်သြခဲ့သည်။

ထိုသို့ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများအနေဖြင့် တိကျစွာလိုက်နာဆောင်ရွက်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်များသို့ သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးသတိရှိစေရေးတို့အတွက် မိမိတို့နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲအိတ်နှင့် မီးသတ်ဆေးဗူး စသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေးအပြင် ထင်း၊ မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျမီးငြိမ်းသတ်ကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် အသိပေးဆော်သြခဲ့ကြောင်း သိရသည်။

မိုင်းရှူး (ပြန်/ဆက်)