ပြင်ဦးလွင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဧပြီ ၈

ကျောင်းသား၊ ကျောင်းသူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ တရုတ်ဗုဒ္ဓဘာသာစာသင်ကျောင်းရှိ တရုတ်ယူနန်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်မြင့်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့်ဆောင်ရန်၊ ရှောင်ရန်များအားလည်းကောင်း၊ ရဲတပ်ကြပ် ကြီးအေးစိုး(ဇင်ယော်)က “ချစ်တတ်သူတွေအသက်ရှည်ပါစေ”‌ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ယာဉ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး‌နောက် တရုတ်ဗုဒ္ဓဘာသာစာသင်ကျောင်းမှတာ၀န်ရှိသူတစ်ဦးက နိဂုံးချုပ်စကားပြောကြားခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပြင်ဦးလွင်မြို့၊ တရုတ်ဗုဒ္ဓဘာသာစာသင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း၇၀၀ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)