ဒဂုံမြောက် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာမမြမဉ္ဇူဝေ(ကျုံမငေး)က သင်တန်းတွင် ကျင်းပပေးခဲ့သည့် ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာစီစာကုံးရေးသားနည်းသင်တန်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ဦးစီးမှူးက သင်တန်းနည်းပြဆရာအား ဂါရဝပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်လေးများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ စာစီစာကုံးရေးသားမှုစွမ်းရည်များ ပိုမိုတိုးလာစေရန်နှင့် စာစီစာကုံးရေးသားနည်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ စာစီစာကုံး ရေးသားနည်းသင်တန်းအား ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းသားမိဘတစ်ဦးမှ အာဟာရဒါနအချိုရည်များ တိုက်ကျွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ