ဟိုပုံး ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် ယိမ်းအကအဖွဲ့ပြိုင်ပွဲများဖြင့် သီရိမင်္ဂလာသာသနာ့ဗိမာန်ရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သီရိမင်္ဂလာသာသနာ့ဗိမာန်ရှေ့လမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ တေးဂီတဖျော်ဖြေပွဲများ၊ စတုဒိသာကျွေးမွေးမည့်အစီအစဉ်များအပြင် မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့၊ ရပ်ကွက်/ကျေးရွာယိမ်းအကအဖွဲ့များမှာ သက်ဆိုင်ရာနေရာအသီးသီးတို့တွင် အဖွဲ့လိုက်ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကာ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)