မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မှော်ဘီ ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Comm unity Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူငယ်များအနေဖြင့် စာကြည့်တိုက်များ၌ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုထားပါမှ အသိပညာဗဟုသုတများ တိုးပွားလာမှာဖြစ်ပါကြောင်း လူငယ်တို့အေဖြင့် ငယ်ရွယ်ပညာသင်ကြားချိန်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ယခုအချိန်ကပင်သုတရသစာအုပ်စာပေများကို ဖတ်ရှုလေ့လာမှတ်သားထားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရီရီလွင် မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်သဲနုဝေတို့က ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဖတ်ရှုထားသမျှအနှစ်သက်ဆုံး စာအုပ်တစ်အုပ်အကြောင်းကိုလည်းကောင်း ပုံပြင်ပြောပြိုင်ပွဲလူငယ်များအား အသိပညာဗဟုသုတရရှိစေမည့် ပုံပြင်များကိုလည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် စာ​ေပနှင့်ပတ်သက်၍ကဗျာများ​ဖြင့်အသီးသီးပြိုင်ပွဲဝင်ကြရာ အကောင်းဆုံး (၃) ဦးစီအား သုတစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်များနှင့် အဟာရဒါနမုန့်များ အချိုရည်ကဒ်များအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရီရီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲနုဝေနှင့် အဖွဲ့ဝင်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူ လူငယ်များက ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်​ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြသထားမှုအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

စန်းဝင်း