အလုံ ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက နွေရာသီအခမဲ့ အခြေခံပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ နွေရာသီအခမဲ့အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆရာ နေမင်းလုလင်က သင်ကြားပို့ချမည့် အခြေခံပန်းချီသင်ခန်းစာအကြောင်းအရာများကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီထိ ဧပြီလ ၇ ရက်မှ စတင်သင်ကြားပေးလျက်ရှိရာ မေလ ၁၄ ရက်နေ့ထိ သင်တန်းကာလ ငါးပတ်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလုံသား (ပြန်/ဆက်)