ကျောက်ဆည် ဧပြီ ၇
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စားသုံးသူရေးရာ ဦးစီးဌာန ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပသည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးမောင်ထူးက ကျောက်ဆည် ခရိုင်အတွက် တစ်လ ခွဲတမ်းရ စားသုံးဆီတန်ချိန် ၄၆၆ ဒသမ ၃၀ တန်အား ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များသို့ ဖြန့်ဖြူးမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ဈေးကွက်အတွင်း စားသုံးဆီများ စည်းကမ်းချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချသွားရန်နှင့် စည်းကမ်းချက်များကို ဖောက်ဖျက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဆီလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်း ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းခဲ့ပြီး အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)