ပျော်ဘွယ်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် ဓာတ်ဆားထုတ်များ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ် ဧပြီ ၇

ပျော်ဘွယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်းရှိပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်နှင့်ဓာတ်ဆားထုတ်များ အခမဲ့ဖြန့်ဝေခြင်းကို ဧပြီ ၇ ရက် နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် ဓာတ်ဆားထုတ်များကို မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုး နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာလဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးရောင်း၊ ဈေးဝယ်သူပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

အပူဒဏ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်းလက္ခာများ စသည်တို့ပါဝင်သော အကြောင်းအရာများ၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့်ဓာတ်ဆားဓာတ် ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် ဓာတ်ဆားထုတ်များကို အခမဲ့ဖြန့်ဝေးခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)