မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌ အပူဒဏ်အန္တရာယ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မဟာအောင်မြေ ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်က အောင်စံရန်အေးဓမ္မာရုံ၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ဒေါ်အေးအေးမင်းက အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းများဟောပြောခြင်းနှင့် မြို့နယ်ကျန်းမာရေးမှူး ဒေါ်ရီရီဝင်းတို့က မကူးစက်တတ်သောရောဂါများ ‌အကြောင်းဟောပြောပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာ၊ ဆရာမများက  ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ရောဂါအလိုက်ဆေးပေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။

အောင်ဇော်မင်း