တွံတေးမြို့နယ်၌ သောက်သုံးရေလိုအပ်ချက်ရှိသော သံဃာတော်အရှင်သူမြတ်တို့အား ရေလှူဒါန်းခြင်းဆောင်ရွက်

တွံတေး ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပါင်း၍ ရွှေဆံတော်ရပ်ကွက်၊ ပဏ္ဍိတာရာမကျောင်းတိုက်ရှိ သောက်သုံးရေလိုအပ်ချက်ရှိသော သံဃာတော်အရှင်သူမြတ်တို့အား သောက်သုံးရေလိုအပ်ချက် သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းတွင် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်အတွင်း ပဏ္ဍိတာရာမကျောင်းတိုက်ရှိ သောက်သုံးရေလိုအပ်ချက်ရှိသော သံဃာတော်အရှင်သူမြတ်တို့အား သောက်သုံးရေလိုအပ်ချက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်နှင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်စိုးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅) ဦးတို့က DongFeng မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ရေလှူဒါန်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မျိုးလှိုင် (တွံတေး)