ကော့မှူးမြို့နယ်တွင်ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးလိုက်လံစစ်ဆေး

ကော့မှူး ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မ‌ဈေးကြီး၌ ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်‌ဆေးရာတွင် ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး၊ လုံခြုရေးမီးလိုင်းမှအပမလိုအပ်သော လျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများစနစ်တကျချထားစေရေးနှင့် အခြားသောမီးဘေးလုံခြုံရေးကိစ္စရပ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းနိုင်နှင့် သန္ဓေ (၇) ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ SAE ဦးပြည့်ဖုန်းဝင်း၊ စျေးတာဝန်ခံ ဦးအေးသွင်နှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်အတွင်း မီးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်နေခဲ့ကြကြောင်း သိရသည်။

ကျော်သူရ