မှော်ဘီမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

မှော်ဘီ ဧပြီ ၇

မှော်ဘီမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ် (၁) ခု၊ ရေကစားမဏ္ဍပ်ငယ်များတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပါ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သလို ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မှော်ဘီမြို့နယ်ရှိ အဆိုပါဗဟိုရေကစားမဏ္ဌပ်ဆောက်လုပ်ရာနေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ လိုက်ပါ၍ အဆိုပါရေကစားမဏ္ဌပ်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား တွေ့ဆုံမှာကြားခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ် (၁) ခုနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင်လည်း ရေကစားမဏ္ဍပ်ငယ်တို့ဖြင့် ဆင်နွှဲသွားမည်ဖြစ်ပြီး အများပြည်သူများ ပျော်ရွှင်မှုရှိစေရေး မှော်ဘီမြို့မဈေးရေးကစားမဏ္ဌပ်တွင်လည်း လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းထားရှိပြီး ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့်လည်း ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များမှ နေ့စဥ်ကပြဖျော်ဖြေပေးသွားမည်ဖြစ်သလို တေးဂီတဖျော်ဖြေမှုများဖြင့်လည်း သင်္ကြန်ကာလစည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါသင်္ကြန်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရေကစားမဏ္ဍပ်များ မြို့နယ်အတွင်း တည်ဆောက်လျက်ရှိပြီးတည် ဆောက်ပြီးစီးမှုအခြေအနေများ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ခုရိုင်ရဲမှူးကြီး ဦးငွေတင်နှင့် အဖွဲ့များ၊ မြို့နယ်စီမန်ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးပြည့်စုံကျော်၊ အဖွဲ့ဝင် ဦးဝင်းစို့တို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)