ပြည်ကြီးတံခွန် ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်၍ ရပ်ကွက်လူနေအိမ်များနှင့် CP ကြက်သားနယ်စက်ရုံတွင် မီးဘေးဟောပြော သရုပ်ပြပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောသရုပ်ပြ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် ဆယ်ဦး၊ အရန်တပ်ဖွဲ့င် ၂၀ ဦးတို့ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် CP ကြက်သားနယ်စက်ရုံတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် ဆယ်ဦးဖြင့် ဟောပြောသရုပ်ပြ ပြုလုပ်ခြင်း၊ စက်ရုံအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ 191 report application အား ထည့်သွင်း ပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)