ညောင်ဦး ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်းသူကျေးရွာအနီးရှိ ရှင်အဇ္ဇဂေါဏဘုရား တည်ဆောက်ပုံ၊ နံရံပန်းချီများနှင့် ကျောက်စက်ပန်းဆွဲများကို လေ့လာနိုင်ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။
ဘုရားဘွဲ့အမည်မှာ ပုဂံခေတ်တွင်ထင်ရှားသော ရဟန်းကြီးတစ်ပါး၏ အမည်ဖြစ်ပြီး ထိုရ ဟန်းကြီးသည် ပြည်သူပြည်သားများအား ချမ်းသာကြွယ်ဝလာစေရန် ကူညီစောင့်ရှောက် ပေးခဲ့ကြောင်း၊ ရှင်အဇ္ဇဂေါဏဘုရားဟု ဘွဲ့အမည်ပေးခဲ့ပုံမှာ ဘုရားဝန်းအတွင်း အဂ္ဂိရတ် ထိုးရာတွင် အသုံးပြုခဲ့သော လုံ၊ မီးသွေးခဲများနှင့် ပြာများ တွေ့ရှိရသောကြောင့် ရှင်အဇ္ဇဂေါ ဏဘုရားဟုအမည်ပေးခဲ့ကြောင်း သိရသည်။ ရှင်အဇ္ဇဂေါဏဘုရား၏ ရာဇဝင်ကိုအတိအ ကျမသိရှိရသော်လည်း ဘုရားတည်ဆောက်ပုံ၊ ဗိသုကာပညာမှာ အလွန်းထူးခြားကောင်း မွန်ကြောင်းလေ့လာနိုင်သည်။ ဘုရားကို အောက်ခြေခုံမြင့်ပေါ်တွင် တည်ဆောက်ထားပြီး ဘုရားတည်ဆောက်ပုံမှာ အလယ်တိုင်မပါဝင်ပဲ နံရံလေးဘက်မှ အမိုးများကိုစုကာ ပေါင်းမိုးခုံးပုံသဏ္ဍာန် တည်ဆောက်ထားသည်။ အလယ်တိုင်မပါဝင်သော တည်ဆောက်မှုပုံစံသည် ပုဂံခေတ်ကာလ တည်ဆောက်ရေး၏ နည်းပညာကျွမ်းကျင်မှုကို တွေ့ရှိလေ့လာနိုင်သည်။အေဒီ ၁၂ ရာစုနှောင်းပိုင်းတွင် တည်ဆောက်ခဲ့သည်ဟု ရှေးဟောင်းပညာရှင်များက ယူဆရကြောင်း၊ ဘုရားလိုဏ်အတွင်းပိုင်းတွင် နံရံပန်းချီများ အကြားမလပ်ရှိနေပြီး ဂြိုလ်ကြီး ၉ လုံးက ကမ္ဘာမြေအား လှည့်ပတ်ပုံနံရံပန်းချီများ ပါရှိနေသည်။ အရှ့ဘက်လှည့်မုခ်ပေါ်ဘုရားဖြစ်ကာ ပလ္လင်ပေါ်တွင် ထိုင်တော်မူဆင်းတုတော်ကိုလည်း သပ္ပာယ်စွာဖူးမြော်နိုင်ကြောင်း သိရသည်။
ရှင်အဇ္ဇဂေါဏဘုရားအား ဖူးမြော်ပြီး တဆက်တစပ်တည်း အနောက်ဘက်တွင် ဝိနည်းထိုရ်ဘုရားစု၊ တောင်ဘက်တွင် မင်းနန်သူဘုရားသုံးဆူ၊ သမ္ဗူလဘုရား၊ နရသီဟပတေ့ဘုရားနှင့် လေးမျက်နှာဆုတောင်းပြည့်ဘုရားတို့ကို ဖူးမြော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း