ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ ၁၅ အမ်ဗွီအေထရန်စဖော်မာအား Cu; Bus Bar များ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်

ဝမ်းတွင်း ဧပြီ ၆

ဝမ်းတွင်းမြိုနယ်၌ ၃၃/၁၁ ကေဗွီ (၂၀+၁၅) အမ်ဗွီအေ ဝမ်းတွင်းထပ်ဆင့်ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာအား ဓာတ်အားဆက်သွယ်မှု စနစ်ကျစေရေး ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ခွဲရုံကြံ့ခိုင်မှုရှိစေရေးအတွက် ၃၃/၁၁ ကေဗွီ ၁၅ အမ်ဗွီအေထရန်စဖော်မာအား Cu; Bus Bar များ တပ်ဆင်ခြင်းလုပ်ငန်းကိုယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ ဦးဆောင်လျက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ (၂၀+၁၅) အမ်ဗွီအေ ဝမ်းတွင်းထပ်ဆင့်ဓာတ်အားခွဲရုံရှိ ၁၅ အမ်ဗွီအေထရန်စဖော်မာအား Bus Bar လဲလှယ်၍ အများပြည်သူသို့ ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)