မုဒုံ ဧပြီ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယိမ်းအကများကို ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ယိမ်းအဖွဲ့များမှ သက်ဆိုင်ရာနေရာများတွင် အကလေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်ကို မြို့တွင်းဗိုလ်ချုပ်လမ်းပေါ်၌ ပြုလုပ်သွားမည်ဖြစ်ရာ နေ့ရက်အလိုက် စတုဒိသာများ ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
ထို့အပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ဦးပရိတ်တရားရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀ ပူဇော်ပွဲတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)