မိုင်းခတ် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွင် မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလွင်မင်းပိုင်က ပြည်သူများမီးဘေးအန္တရာယ်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ နေအိမ်များတွင်မီး ချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဗူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများကို စနစ်တကျငြှိမ်းသတ်ပြီးမှ အိပ်ကြရန်နှင့် သက်ကြီးဘိုးဘွားများနှင့် ကလေးငယ်များအား မီးဖိုမီးအသုံးမပြုကြစေရေး အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဗူးစနစ်တကျထားသိုမှု၊ ကိုင်တွယ်အသုံးပြုပုံနှင့် လူနာအားကုလားထိုင်ဖြင့် အရေးပေါ်သယ်ဆောင်ခြင်းတို့ကို လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)