ပုဗ္ဗသီရိ ဧပြီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အများပြည်သူများ အပူဒဏ်အန္တရာယ်မှကင်းဝေးစေရန်နှင့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများအား လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျည်တောင်ကန် ကျေးလက်ကျန်းမာရေး ဌာနအပါအဝင် ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဝန်ထမ်းများက ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူများ အပူဒဏ်မှကင်းဝေးစေရေးအတွက် အသိပညာပေးဟောပြောခဲ့ပြီး အပူဒဏ်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် မြို့နယ်ခုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင်လည်း အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများဖြင့် လူနာများရောက်ရှိလာပါက ကုသမှုပေးနိုင်ရန် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားခြင်း၊ လူနာလက်ခံကုသမည့်နေရာများ ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရီ)