မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာ စတုဒိသာကျွေးခြင်းအစီအစဉ်များဖြင့် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုင်းယောင်း ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ရိုးရာ စတုဒိသာကျွေးခြင်းအစီအစဉ်များဖြင့် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အလှူရှင်များက မုန့်လုံးရေပေါ်၊ မုန့်လက်စောင်း၊ ရွှေရင်အေး၊ အုန်းနို့ကျောက်ကျော၊ မုန့်ပဲစေ့သာကူ၊ ဖရဲသီးကျောက်ကျော၊ သခွားမွှေးကျောက်ကျော၊ ရှမ်းမုန့်ဖက်ထုပ်စသည့် တိုင်းရင်းသားရိုးရာစတုဒိသာများ ကျွေးမွေးခြင်းနှင့် မြန်မာ့ရိုးရာ စတုဒိသာကျွေးခြင်းအစီအစဉ်များဖြင့် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 စိုင်းအောင်ဇော်လင်း