မြစ်သား၌ ရှိုင်းဟုပ် ကုမ္ပဏီမှ ပရိယတ္တိ စာသင်တိုက်များအတွက် အလှူငွေများလှူဒါန်း

မြစ်သား   ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ ပရိယတ္တိ စာသင်တိုက်များသို့ ရှိုင်းဟုပ်  ကုမ္ပဏီမိသားစုမှ  အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မင်းကုန်းရပ်ကွက်ရှိ မင်းကုန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပရိယတ္တိ စာသင်တိုက်များအား  ဒေါက်တာဒေါ်ခင်ခင်ရီ ရှိုင်းဟုပ် ကုမ္ပဏီမိသားစုမှ  ကိုဗစ် - ၁၉  ကာလအတွင်း သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းသည့် နေရာ၌လည်း ကျောင်းတိုက်တစ်တိုက်မှာရှိသည့် သံဃာအရေအတွက်ပေါ်မူတည်ပြီး သံဃာတစ်ပါးကို တစ်သောင်း ကျပ်နှုန်းဖြင့်လက်ရှိ သီတင်းသုံးနေတဲ့သံဃာအရေအတွက်ပေါ်မူတည်ပြီး လှူဒါန်းခြင်းဖြစ် ပါကြောင်း လှူဒါန်းရခြင်းကလည်း ကျောင်းတိုက် ၏ ဆွမ်းကွမ်းအတွက် ရည်ရွယ်ပြီးလှူဒါန်းခြင်းဖြစ်ကြောင်း ရှိုင်းဟုပ် ကုမ္ပဏီ ဝေရာဝစ္စ အကျိုးတော်ဆောင် အဖွဲ့တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ရှိုင်းဟုပ်ကုမ်မ္ပဏီမိသားစုမှ မြစ်သားမြို့ပေါ်ရှိ မင်းကုန်းပရိယတ္တိ စာသင်တိုက်၊ မင်းကျောင်း ပရိယတ္တိ စာသင်တိုက် ၊ဒါးရဲကောင်း ဓမ္မပါလ စာသင်တိုက်နှင့် မြစ်ဆုံကြီးပရိယတ္တိစာသင်တိုက်များရှိ ရဟန်းသာမဏေ စုစုပေါင်း (၁၄၇)ပါး အတွက် အလှူငွေကျပ်(၁၄)သိန်းခုနှစ်သောင်းအား  အဆိုပါပရိယတ္တိစာသင်တိုက်မှ ဆရာတော်များထံသို့ ဆပ်ကပ် လှူဒါန်း ခဲ့ကြောင်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးမြို့ပေါ် တွင်သံဃာအပါး(၂၀)အထက်ရှိ ကျောင်းများနှင့် နယ်မြို့များတွင် သံဃာ(၁၅)ပါးအထက်ရှိ ပရိယတိ္တစာသင်တိုက် ပေါင်း (၄၈၄၈)ကျောင်းရှိ သီတင်းသုံး နေထိုင်တော်မူ သော ရဟန်းသာမဏေစုစုပေါင်း (၃၁၈၉၇) ပါးအတွက် အလှူငွေကျပ်သိန်းပေါင်း (၃၁၈၉)သိန်း ခုနှစ်သောင်းကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆုမွန်(ပြန်/ဆက်)