မြင်းခြံမြို့ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

မြင်းခြံ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြည်သူများ စိတ်အေးချမ်းစွာ ရေကစားနိုင်ရေး၊ နေ့စဉ် စတုဒိသာများ ကျွေးမွေးနိုင်ရေးနှင့်နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရာများရွတ်ဖတ်ခြင်း၊ သက်ကြီး အဘိုး/အဘွားများကို ပူဇော်ကန်တော့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဆွေးနွေးသည်။ ထို့နောက် သက်ဆိုင်ရာကော်မတီများနှင့် အသင်းအဖွဲ့များက မိမိတို့ကော်မတီအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)