တောင်သာမြို့၌ ငွေကြေးဖြင့်နိုင်ငံထူထောင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဧပြီ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန  မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဧပြီ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာ မြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဝီလျှံအောင်၏ ငွေကြေးဖြင့် နိုင်ငံထူထောင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေ ဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)အား အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ဝီလျှံအောင်၏ ငွေကြေးဖြင့်နိုင်ငံထူထောင်ခြင်းစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ နိုင်ငံစီးပွားရေး၊ လူမှုစီးပွားရေး၊ ပညာရပ်သည် နိုင်ငံရေးသမားများ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ပါ။ နိုင်ငံအတွင်းနေထိုင်ကြသော နိုင်ငံသူ/သားများအားလုံးနှင့် သက်ဆိုင် ပါသည်။ နိုင်ငံသားတိုင်း နိုင်ငံတစ်ခုတည်ဆောက်ပုံ၊ စီးပွားရေးလည်ပတ်စီးဆင်းပုံ သဘောတရားများအား သိရှိနားလည်သဘောပေါက်ထားရပါမည်။ နိုင်ငံစီးပွားရေးသည် အုပ်ချုပ်သူ လူတန်းစား စီးပွားရေး အဖွဲ့အစည်းများနှင့် နိုင်ငံသူ/သားများအားလုံး ပါဝင်ပူးပေါင်းကူညီထောက်ခံပံ့ပိုးခြင်းဖြင့်သာ ထူထောင် နိုင်မည်ဖြစ်ပါသည်။ နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့်သက်ဆိုင်သော အသိပညာဖြန့်ဝေပေးသော စာအုပ် စာပေများ ရှားပါးသည့်အပြင် ထိလွယ်၊ ရှလွယ်ဖြစ်သောဘာသာရပ်ဖြစ်သောကြောင့် နားလည်တတ်ကျွမ်းသူများ၊ ပညာရှင်များ လက်ရှောင်လေ့ရှိကြောင်း၊တိုင်းပြည်အတွင်း မှီတင်းနေထိုင်ကြသော အဖွဲ့အစည်းအသီးသီး၊ နိုင်ငံသူ/သားများ၏ အကျိုးစီးပွား၊ နိုင်ငံတော် ရေရှည်အဓွန့်တည် ရှင်သန်ရပ်တည် နိုင်ရေးနှင့်ပြည်သူလူထု လိုအပ်ချက်ဖြစ်သော လူမှုစီးပွားရေး၊ ကျန်းမာရေး၊ အသက်ရှည်စွာ အနာမဲ့၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် ငွေကြေးလိုအပ်ပါသည် စသည်တို့ကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)