ဒဂုံတောင် ဧပြီ ၆
၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီ (၁)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်၊ ပဒုမ္မာအားကစားကွင်းတို့တွင် နေ့စဉ်နံနက် ၇ နာရီခွဲနှင့် မွန်းလွဲ ၃ နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
ထိုသို့ယှဉ်ပြိုင်ကစားကြရာ ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် တွံတေးခရိုင်အသင်းနှင့် သန်လျင်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရာ သန်လျင်ခရိုင်အသင်းက တွံတေးခရိုင်အသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိကြောင်းနှင့် ယနေ့ဧပြီ (၆)ရက်နေ့၌ ပွဲစဉ်ရပ်နားပြီး ဧပြီ (၇)ရက်နေ့တွင် ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သန်းသန်းအေး