ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင် 

ငါန်းဇွန် ဧပြီ 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံသို့ရောက်ရှိလာသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးနှင့်ဆေးဝါးပစ္စည်းများ ကြိုတင်ဖြည့်တင်းပြင်ဆင်ထားရှိခြင်း၊ နေရာချထားပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အပူဒဏ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိခြင်းများကို ၂၀၂၆ ခုနှစ် ဧပြီ()ရက် နံနက်(()နာရီက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမိုးအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ပူပြင်းသောနွေရာသီဖြစ်သည့်အလျောက် အပူရှိန်လွန်ကဲခြင်းများ ဖြစ်ပေါ်လျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာသည်များ ပြည်သူ့ဆေးရုံသို့ရောက်ရှိလာပါက ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာစိုးမိုးအောင် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ခုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့် ဆေးနှင့်ဆေးဝါးပစ္စည်းများ ကြိုတင်ဖြည့်တင်း ပြင်ဆင်ထားရှိခြင်း၊ နေရာချထားပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အပူဒဏ်အန္တရာယ် လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အပူဒဏ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးလုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိခြင်းများကို ယနေ့ နံနက်()နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ကိုကိုနိုင်( ပြန်/ဆက်)